အင်္ဂပူ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)ရုံး၌ ယမန်နေ့ နေလယ်ပိုင်းက ၂၀၂၂ ခုနှစ် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မြို့နယ်မန်နေဂျာ ဒေါ်မြတ်သီတာမှ ချေးငွေများ ထုတ်ချေးပေးမှုနှင့် ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ချေးငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ မိုးနေကြာစိုက် တောင်သူများက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မြို့နယ်မန်နေဂျာ ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးများနှင့် မိုးနေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)စုမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပြေကြေပြီး တောင်သူ (၁၄)ဦးအား နေကြာ စိုက်ပျိုးစရိတ်ချေးငွေ (၁)ဧကလျှင် ၁၅၀၀၀၀ ကျပ်နှုန်းနှင့် စိုက်ဧက (၂၇)ဧကအတွက် စုစုပေါင်းချေး (၄၀၅၀၀၀၀)ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)