မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုများအား ရေလွတ်ရာသို့ပြောင်းရွှေ့ပေး
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက် (၈)နာရီ (၄၅)မိနစ်အချိန်ခန့်မှစ၍ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၁)နှင့် (၁၇) အတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ အမြင့်ပေ (၃)ပေခန့် မိုးရေပြည့်လျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။