မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်

မိုင်းဆတ် ဩဂုတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (ဧပြီ၊ မေ၊ ဇွန်)ပထမ(၃)လပတ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က နိုင်ငံတော်အစိုးရမှ မိခင်နှင့်ကလေးများ အာဟာရပြည့်ဝရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန်အတွက် (MCCT)စီမံကိ်နးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ရေးအစီအစဉ်သည် ကလေးသူငယ်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကလေးငယ်တစ်ဦး၏ အမြင်အာရုံ၊ အကြားအာရုံ၊ ဘာသာစကားနှင့် သိမြင်မှုဆိုင်ရာ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် ဘဝအစကနဦး ရက်ပေါင်း (၁၀၀၀)အတွင်း အာဟာရပြည့်ဝစွာရရှိရေးသည်အရေးကြီးကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက (MCCT) ထောက်ပံ့ကြေးငွေများပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ကလက်ခံရယူခဲ့ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၅၆၂)ဦးနှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်(၁၀၁၇)ဦးတို့အား (ဧပြီ၊ မေ၊ ဇွန်) ပထမ(၃)လပတ်အတွက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ခင်ညွှန့်ဝေနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်တို့က တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၆၇၅,၆၀၀,၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)