မိုးအဆက်မပြတ်ရွာသွန်း ၍ ခရမ်းမြို့နယ်တွင် ကျေးရွာ /ရပ်ကွက်များအတွင်း ရေဝင်နစ်မြုပ်    

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးနစ်မြုပ်လျက်ရှိသည်ကို တွေ့ရသည်။

မာန်အောင်မြို့ ရန်အောင်မြင်ဘုရားကွင်း၌ အထူးစျေးရောင်းပွဲတော် ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ဘုရားကွင်း၌ ငွေဇလပ်ကုမ္ပဏီလီမီတက်မှကြီးမှူး၍ အထူးစျေးရောင်းပွဲတော်ကို ယမန်နေ့မှ ၂၂ရက်နေ့ထိ နေ့စဉ် နံနက်၉နာရီမှ ည၉နာရီထိ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ “ဝန်းကျင်သာယာလှပဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ “ဝန်းကျင်သာယာလှပဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်ရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်

မော်လမြိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ယမန်နေ့ နံနက်ပိုင်းမှစ၍ မွန်ပြည်နယ်မော်လမြိုင် မြို့မြေနိမ့်ပိုင်းရပ်ကွက် လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက်  မိဘပြည်သူများအနေဖြင့်  ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက  ယနေ့နံနက် ၁၀  နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဘိုးဘွားများအား အလှူငွေ၊ စားသောက်ကုန်များ လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယနေ့ နံနက်(၁၀)နာရီ က အမှတ်(၂)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အလှူငွေနှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (အခြေခံပညာအဆင့် အဆို) ပြိုင်ပွဲကျင်းပပြုလုပ်

လသာမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့်ပတ်သက်၍ ယနေ့ နံနက် (၁ဝ:၁ဝ) အချိန်က လသာမြို့နယ်၊ အမှတ်(၁ဝ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမအတွင်း၌ ၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့်၊ အဆို(ခေတ်ဟောင်း/ ကာလပေါ်) ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် ဆီပြတ်လပ်မှုမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှူန်းအတိုင်း ရောင်းချစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မိုးသောက်ပန်းဆီဆိုင်နှင့် ချင်းတွင်းမြင့် ဆီဆိုင်တို့အား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုင်းယုမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်းမှန်မမှန်၊ ချိန်တွယ်ရောင်းချသည့် ဂါလံပြည့်ရောင်းချမှုရှိ/မရှိနှင့် ဆီသိုလှောင်ထားရှိမှုနှင့် ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း အသင့်ဆောင်ထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်  ကာယ၊ ဉာဏပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to