တိုက်ကြီးမြို့နယ် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးသူ မှော်ဝန်းသီဟ ရေးသားထားသော “ကျောင်းသူ၊ ကျောင်းသားများအတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်များ-၁” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံအမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲခန့်က ဘားအံမြို့ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။

အမ်းမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းရေး အသိညာပေး (TALK SHOW) ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ငါးသယံဇာတထိန်းသိမ်းရေး အသိညာပေး (TALK SHOW) ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ သည်။

ကဝမြို့နယ်၌ ၂၀၂၂-၂၀၂၂ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်း‌ဈေး ပြင်ဆင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေးပြင်ဆင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီက အနောက်ရပ်မြောက်ပိုင်း၊ အခြေခံပညာမူလတန်းကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။

ဝေါမြို့၌ ၂၀၂၂-၂၀၂၃ အင်းလုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချ ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ အင်းလုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ) အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်တွင်  စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင်  စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြီးကြပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်း များကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း ဇရပ်ကြီးကျေးရွာနှင့် အောက်လက်ပန်ခုံကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပေးခဲ့သည်။

တနင်္သာရီမြို့နယ်၊ အခြေခံပညာကျောင်း (၂) ကျောင်း အထက်တန်းအဆင့် တိုးမြှင့်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီ၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်ရှိ အထက-(ခွဲ) မောတောင်ကျောင်းအား အထက မောတောင်ကျောင်းအဖြစ်သို့လည်းကောင်း၊ ချောင်းလမု ကျေးရွာအုပ်စု-ချောင်းလမုကျေးရွာရှိ ယခင် အလက-ချောင်းလမုကျောင်းကို အထက(ခွဲ) ချောင်းလမုအဖြစ်သို့လည်းကောင်း၊၂၀၂၂-ခု နှစ်၊ သြဂုတ်(၁၆)ရက်နေ့မှစတင်၍ အဆင့်တိုး မြှင့်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
Subscribe to