ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ဆန်၊ ဆီ၊ ​ကြက်သွန်ထောက်ပံ့ခြင်းနှင့် ဆေးကုသဆောင်ရွက်

ဖျာပုံ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ဆန်၊ ဆီ၊​ကြက်သွန် ထောက်ပံ့ခြင်းနှင့် ဖျာပုံခရိုင် တိုင်းရင်းဆေးကု ဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများက အမှတ်(၁၇)ရပ်ကွက်ရှိ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား "သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့် ပညာပေး" ဆောင်ပုဒ်နှင့် အညီ ကွင်းဆင်းဆေးကုသ​ပေးခြင်းကို သြဂုတ်လ (၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ကြသည်။

အဆိုပါ အဘိုးအဘွားများအား ဆန်၊ ဆီ၊​ကြက်သွန်ထောက်ပံ့ခြင်းနှင့် ဆေးကုသဆောင်ရွက်ရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များသည် ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဆန်(၈)အိတ်နှင့် ဆီ၊​ ကြက်သွန်များ ထောက်ပံ့လှူဒါန်းကြပြီး ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်း များက "တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား သက်ရှည် ကျန်းမာစွာဖြင့် နေနိုင်စေရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ အပတ်စဉ် ကွင်းဆင်းဆေး ကုသခြင်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာပျော်ရွှင် စွာ နေနိုင်စေရန်အတွက် သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါဝေဒနာအလိုက် လိမ်းဆေး၊ သောက်ဆေးများပေးခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးရာ ကန်တော်မင်္ဂလာဘိုးဘွား ရိပ်သာရှိ အဘိုး(၁၈)ဦး၊ အဘွား (၁၃)ဦး၊ စုစုပေါင်း (၃၁)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်