စုကလိ သြ ဂုတ် ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းအာ အကျိုးရှိစွာအသုံးချ တတ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်းတွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ဘောလုံး ပစ်ပြိုင်ပွဲ အား ကျင်းပပြုလုပ်ပေးသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ကလေးငယ်များအား စာဖတ်ခန်းကို ပုံမှန်အသုံးပြုကြ စေရန်နှင့် ကလေးစာပေများအား လေ့လာဖတ်ရှုကြစေလိုကြောင်းတို့ကို ရှင်းလင်းပြောကြား ပေးပြီး ဘောလုံးပစ်ပြိုင်ပွဲအား ကျင်းပပေးခဲ့ရာ စုကလိမြို့အခြေခံပညာ အထက်တန်း ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုပိုအောင်