ပင်လောင်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးမှုလုပ်ငန်းများကို အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးရာတွင် ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်၊ သွေးတိုး၊ ဆီးချို၊ မွေးရာပါနှလုံးရောဂါ၊ ကာကွယ်ဆေးထိုးမှတ်တမ်းပြနိုင်ခြင်း၊ ကာကွယ်ဆေးပြည့်စုံစွာထိုးနှံထားခြင်း ရှိမရှိ၊ အာဟာရနှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအခြေအနေများ၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့်အခြားရောဂါလက္ခဏာများကို စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးရန်ကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည်း ကျောင်းကျန်းမာရေးစစ်ဆေးပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)