မြန်အောင် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြန်အောင်ဘိုးဘွားရိပ်သာတွင် အဘိုး အဘွား များအား ကျန်းမာရေးစောင့်ရှောက်မှုဆေးစစ်ခြင်းများ၊ အာဟာရကျွေးမွေးလှူဒါန်းခြင်းကို ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုး (၉)ဦး၊ အဘွား (၂၁)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များက အာဟာရများ ကျွေးမွေးလှူဒါန်းပြီး ကြက်ဥနှင့် အစားအသောက်များ လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အဘိုးအဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းနှင့်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)