ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ စုပေါင်းအစာအာဟာရ တိုက်ကျွေးခြင်းများဆက်လက်ကျင်းပ

ကျိုင်းလပ် ဩဂုတ် ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ဌာနဆိုင်ရာများစုပေါင်း၍ အစာအဟာရ ရက်သတ္တပတ်ဆက်လက် တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျာခမ်းကျောက် ကျေးရွာအုပ်စု၊ နမ့်ငေါ့ကျေးရွာ အ.မ.က စာသင်ကျောင်း ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ပညာ သင်ကြားနေသော ကျောင်းသားလူငယ်ကလေးများအတွက် လိုအပ်သော အစာအာဟာရများ ဖြစ်ထွန်းစေရန် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးနှင့် ဌာနဆိုင်ရာများစုပေါင်း၍ အ.မ.က နမ့်ငေါ့ စာသင်ကျောင်းရှိ ကျောင်းသား (၃၃)ဦး၊ ကျောင်းသူ (၃၆)ဦး၊ စုစုပေါင်း (၆၉)ဦးအား အစာအဟာရအဖြစ် ကြာဇံဟင်းခါး၊ အအေးနှင့် မုန့်များအား အလှူဒါနပြု အစာအာဟာရတိုက်ကျွေးခြင်းများ ဆက်လက်ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)