စလင်းမြို့နယ်တွင် ချည်မျှင်ရှည် ဝါငွေချည်-၁၁(၁၀.၀၀)ဧကမျိုး စေ့ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာတွင် ချည်မျှင် ရှည်ဝါငွေချည် ၁၁ မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှုကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက သြဂုတ်လ ၁၉ ရက် နံနက် ၁၀ နာရီ အချိန်က စိုက်ပျိုးဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။