အုတ်ဖို သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က ဂုံညင်တန်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာ၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများ ကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အ.ထ.က ဂုံညင်းတန်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်သီသီမွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်နှင့် အသိပညာ အတက်ပညာခေါင်းစဉ်ဖြင့် လည်းကောင်း မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်က လူငယ် ရေးရာခေါင်းဆောင်မှုဆိုင်ရာများကို လည်းကောင်း အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ