မန်တုံမြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါအကြောင်း အသိပညာပေး (Talk Show)ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က သေးတိုး၊ ဆီးချိုရောဂါအကြောင်း အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် မိခင်နှင့်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ်တွင် တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်၉နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် သက်ကြီးဘိုးဘွား ၁၀၇ ဦး အလှူငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၀၇ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့က မကွေးမြို့မှ အလှူရှင် ဦးအောင်ထွန်းမြင့် - ဒေါ်စန်းသီတာ မိသားစုက သက်ကြီးဘိုးဘွားများ၏ နေအိမ်အရောက် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၇၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ကျေးလက်နေပြည်သူများမှ အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားချက်  ၇၆၇၇၅ ဧကရှိပြီး ယခုအချိန်တွင်  မိုးစပါးစိုက်ဧက၇၈၁၂၂  ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်၍ လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းယန်းမြို့နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏၊ ရှေ့ပြေးစီမံကိန်းအရ နေကြာတိုးချဲ့စိုက်ပျိုးရေး မျိုးစေ့ထုတ်(၂၅)ဧက စိုက်ပျိုးထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံဖြစ်သည့် နေကြာတိုးချဲ့စိုက်ပျိုးရေး မျိုးစေ့ထုတ်(၂၅)ဧက စိုက်ပျိုးထားရှိမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အင်ကြင်းပင်လှကျေးရွာရှိ တောင်သူ ဦးခင်မောင်ဌေးပါ (၇)ဦး စိုက်ပျိုးထားရှိသည့် စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

လားရှိုးမြို့တွင် စက်သုံးဆီရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချနေခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စက်သုံးဆီရောင်းချမှု ရပ်တန့်ထားခြင်းနှင့် အကန့်အသတ်ဖြင့် ရောင်းချနေခြင်းများ မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to