သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်း နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်း တောင်မင်းတည်းကျောင်းတွင် ဆောင်ရွက် ခဲ့သည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ ဂီထော့တောင်ခန်းမ၌ ကျင်းပသည်။

သီပေါမြို့နယ်တွင် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေး ဆွေးနွေးပွဲTalk Showကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြေပဲ(၅၇၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၉၆)ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံ အမျိုးမျိုး စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြေပဲသီးနှံ(၅၇၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၁) တွင် (၅၂)ဧက၊ တိုက်နယ်(၂)တွင် (၂၉)ဧက၊တိုက်နယ်(၁၂)တွင် (၁၅)ဧက၊ စုစုပေါင်း(၉၆)ဧက စိုက်ပျိုး ပြီးစီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၀)ရက်နေ့ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် ဒုတိယအကြိမ် စုပေါင်းလောင်းလှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလ တစ်လျှေက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ် တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁၀)ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာရုဏ်ဆွမ်းပါတ် ဒုတိယအကြိမ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။

မြောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေးဆိုင်ရာ Talk Show ပြုလုပ်

ပြည်သူများ အသိပညာရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် လစဉ် တင်ပြဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြောင်မြို့ ပြည်သူ့ စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အသိပညာပေးTalk Showကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ​ ကြားယောင်နေသော အမေ့စကားများ စာပေဟောပြောပွဲ ကျင်းပပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်း

ပဲခူးမြို့တွင် ကျန်းမာရေးမှူး(၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးမှူး (၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာ စွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Six Winner Brothers Co.,Ltd. မှ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းတွင် ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြသည်။
Subscribe to