ကျိုင်းတုံမြို့နယ်တွင် ဝါတွင်းသုံးလကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ကျိုင်းတုံ သြဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းသုံးလကာလအတွင်း စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့နံနက် ၆ နာရီတွင် ရပ်တော်မူဘုရားကြီး၌ ကျင်းပသည်။

စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော် ၂၇၀ ပါး၊ သီလရှင် ၂၉ပါးတို့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ဒေသခံပြည်သူများ က လောင်းလှူကြသည်။

ကျိုင်းတုံမြို့၌ ဝါတွင်းသုံးလ ကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းကို မဟာမြတ်မုနိဘုရားကြီးတွင် (၆) ကြိမ်၊ ရပ်တော်မူဘုရားကြီးတွင် (၅) ကြိမ်၊ စုစုပေါင်း (၁၁)ကြိမ်ထိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း (ပြန်/ဆက်)