စလင်း သြဂုတ် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာတွင် ချည်မျှင် ရှည်ဝါငွေချည် ၁၁ မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှုကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက သြဂုတ်လ ၁၉ ရက် နံနက် ၁၀ နာရီ အချိန်က စိုက်ပျိုးဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ချည်မျှင်ရှည်ဝါငွေချည် ၁၁ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်တာဝန် ရှိသူများ၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိ သူများက အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာ တောင်သူဦးသန်းစိုး (ပါ)၂ဦး စိုက်ပျိုးထားသည့် ကွင်းအမှတ်(၅၄၅)ဦးပိုင် အမှတ်၄၄/၂တွင် စိုက်ပျိုးဧက (၁၀.၀၀) စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးနည်းစနစ်မှာ ၂ ပေ ၅ လက်မစီခွာ၍ ဇူလိုင်လ ၅ရက်နေ့မှစတင်စိုက်ပျိုးခဲ့ပြီး ယနေ့အထိ စိုက်ပျိုးရက် ၄၇ရက်သားတွင် အဖူးအပွင့် အသီးများ ထွက်ရှိ လာခဲ့ကာ ချည်မျှင်ရှည်ဝါငွချည် ၁၁ အပင်များမှ အောင်မြင် ဖြစ်ထွန်း ကြောင်း တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်တွင် ဝါကြီးလျာထားစိုက်ဧက (၂၅၀၃)ဖြစ်ပြီး၊ စိုက်ပျိုး ပြီးစီးစိုက်ပျိုးဧကမှာ (၁၅၀၇)ဧကစိုက်ပျိုးပြီးစီးခဲ့သည်။ ချည်မျှင်ရှည်ဝါမျိုးများကို ယခု မိုးရာသီကာလစိုက်ပျိုးရန်လျာထား (၂၉၀)ဧက လျာထားရာမှ (၄၃၆၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြပြီး ယခုနှစ်တွင် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြသည်။ ချည်မျှင်ရှည်ဝါ မိုးနှောင်းတွင်စိုက်ပျိုးရန် လျာထား စိုက်ပျိုးဧကမှာ (၂၀၆၁၆)ဧကဖြစ်ပြီး လက်ရှိစိုက်ပျိုးပြီးဧကမှာ (၇၆၂၀)ဧက ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် မိုးရာ သီကာလအတွင်း ဝါစိုက်ပျိုးပြီးစီးဧကစုစုပေါင်း (၁၂၁၆၀)ဧကစိုက်ပျိုးပြီးစီးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်၊။ ၂၀၂၁ ခုနှစ်တွင် ဝါစျေးကွက် ကောင်းခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် တောင်သူများမှဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၂၊၂၀၂၃ ခုနှစ်တွင် ဝါကြီး၊ ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်းဝါစိုက်ပျိုးဧက (၁၂၁၆၀)ဧက စိုက်ပျိုး ခဲ့ကြသည်။ ဝါတစ်ဧက၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ပျမ်းမျှသုံးသိန်းခွဲခန့် ကုန်ကျ ပြီး ဝါကောက်ချိန်(သို့)ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် အနည်းဆုံးပိသာ ၇၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်က ဝါတစ်ပိသာလျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် တွက်ခြေကိုက်ကြောင်း ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများထံမှသိရသည်။ ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးထားကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနနေဖြင့်လည်း ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး၊ နည်းပညာပေးခြင်း၊ အထွက်နှုန်း ကောင်းမျိုးသန့်များရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ဝါမျိုးစေ့ခြံများမှ မျိုးသန့်များကို မှာယူပြီး ဖြန့်ဖြူးပေးခြင်းနှင့် ဝါစိုက်တောင်သူများအတွက် မျိုးစေ့ ထောက်ပံ့ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဝါမျိုးစေ့ထုတ်ငွေချည် ၁၁ (၁၀.၀၀)ဧက ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်