တောင်သာ ဩဂုတ် ၂၁
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ဩဂုတ်လ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပဒါတ်စာကုန်းကျေးရွာ၊ ထန်းပင်ခြံကျေးရွာ၊ ဆည်ကုန်းကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့်အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည် ပဒါတ်စာကုန်းကျေးရွာ၊ထန်းပင်ခြံ ကျေးရွာ၊ဆည်ကုန်း ကျေးရွာများသို့ သွားရောက်၍ဒေသခံပြည်သူများနှင့်တွေ့ဆုံကာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အမှာစကား ပြောကြားပြီးနောက် ဌာနဆိုင်ရာ အကြီးအကဲများမှတစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး ဒေသခံပြည်သူများမှ ကျေးရွာလိုအပ်ချက်များ တင်ပြဆွေးနွေး ရာတွင် ပဒါတ်စာကုန်း ကျေးရွာနှင့်ထန်းပင်ခြံ ကျေးရွာမှရေရရှိရေးအတွက် တင်ပြခြင်း၊ ဆည်ကုန်းကျေးရွာမှ ရေရရှိရေး၊လျှပ်စစ်မီး ရရှိရေးနှင့် ဆည်ကုန်း ကျေးရွာနှင့် တံငါကျင်းကျေးရွာချင်းဆက် လမ်းရရှိရေး အသီးသီးတင်ပြချက်အပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရကဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)