အမ်းမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ အသိ ပညာပေး နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက လူစည်ကားရာလမ်း ဆုံလမ်းမများ၊ အမ္ဗနဒီစျေးနှင့် မြို့ဟောင်း ပျံကျစျေးတို့တွင် ဒေသခံပြည်သူ စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။