မိုင်းကိုင်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းအတွက် စက်ရေတွင်း လှူဒါန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် လူမှုဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် ဒေါ်နန်းအေးမေ ဦးဆောင်သော ထိုင်ဝမ်မိသားစုနှင့် အလှူရှင်များက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ စက်ရေတွင်းတစ်တွင်းကို တူးဖော်လှူဒါန်းခဲ့ရာ ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ မူလတန်းကြိုကျောင်း၌ လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။