မန္တလေး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းနိုင်က ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်၊စာစောင်များ ထပ်မံလှူဒါန်းရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြမည့် အစီအစဉ်များကို ဆွေးနွေးပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များက လိုအပ်ချက်များ ဆွေးနွေးကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌက ခရိုင်စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များ ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)