မိုးနဲမြို့နယ်၌ နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သော ဆီထွက်သီးနှံ မိုးနေကြာ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် စံပြစိုက်ခင်း စံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖယ်ကျေးရွာနေ တောင်သူ ဦးမောင်မြင့် စိုက်ပျိုးထားသောယာခင်း သုံးဧက နေရာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ်၌ ယာဉ်(၆၀)စီးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်း​​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်းတွင် ယ​နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာ​ရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာ​နေသည့် ​​မော်​တော်ယာဉ်များ(၆၀)စီးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် ယာဉ်စစ်​ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီချုပ်ဦးမြတ်ကို ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်း ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမတွင် နယ်စပ်ဒေသ ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်သည်။

နောင်တရားမြို့တွင်း၌ ကတ္တာရာလမ်းခင်းခြင်း (၁၀၄၀) ပေ ဆောင်ရွက်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းလမ်းများ ကောင်းမွန်ရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်တွင် နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သစ္စာလမ်း အရှည် ၄၄၀ ပေနှင့် ၂၅ ပေတံတားတစ်ဆင်း၊ ခတ္တာလမ်း အရှည် ၆၀၀ ပေနှင့် ၂၂ပေ တံတားတစ်ဆင်းတို့ကို စုစုပေါင်း ကတ္တာရာလမ်း (၁၀၄၀)ပေကို အဆင့်မြှင့်တင်ဆောင်ရွက်မည်ဟု မြို့စည်ပင်သာယာရေးဌာနမှ သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအား ဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာ ရောင်းချပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်း စေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် သြဂုတ်လ ဒုတိယ အပတ်မှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ်စနေ နေ့တိုင်း ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး အားကြည့်ရှုစစ်ဆေးခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် စာပေစကား ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၀၈:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

မရမ်းကုန်းမြို့နယ်၌ ပြည်သူများလက်ဝယ်အရောက်စားအုန်းဆီများအား သက်သာသော စျေးနှုန်းဖြင့်ဆက်လက်ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ Six Winner Brother စားသုံးဆီအများပိုင် ကုမ္ပဏီလီမီတက်က ယနေ့နံနက် ၁၀ နာရီတွ င် စားသုံးသူပြည် သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ အားကစားအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျိုက်လတ်မြို့နယ် လေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပံ့ပိုးသည့် ထောက်ပံ့ပစ္စည်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံမငဲ့ချောင်းဖျားကျေးရွာ၊ ရတနာစလင်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျိုက်လတ်မြို့နယ် လေဘေးသင့်ပြည်သူများအား ပံ့ပိုးသည့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Subscribe to