မိုင်းကိုင် ဩဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် လူမှုဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် ဒေါ်နန်းအေးမေ ဦးဆောင်သော ထိုင်ဝမ်မိသားစုနှင့် အလှူရှင်များက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ စက်ရေတွင်းတစ်တွင်းကို တူးဖော်လှူဒါန်းခဲ့ရာ ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ မူလတန်းကြိုကျောင်း၌ လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အလှူရှင်မိသားစုက တန်ဖိုးကျပ် ၁၈၈၀၀၀၀ ရှိ စက်ရေတွင်းနှင့်ပတ်သက်သော အချက်အလက်များအား လွှဲပြောင်းလှူဒါန်းရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပြီး စက်ရေတွင်း၏ အခြေအနေများကို လှည့်လည်ကြည့်ရှုကာ အလှူရှင်မိသားစုနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)