အုတ်တွင်းမြို့နယ် ဒိုးပင်သောင် ကျေးရွာ၌ VDP စီမံကိန်းဖြင့် ဆောင်ရွက်သော ကျောက်ရော မြေ လမ်းသစ်ဖွင့်ပွဲကျင်းပ

အုတ်တွင်း ဩဂုတ် ၂၀

အုတ်တွင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ VDP စီမံကိန်း ဖြင့်ဆောင်ရွက်သော ဒိုးပင်သောင်ကျေးရွာ ကျောက်ရောမြေလမ်း သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အုတ်တွင်း မြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှု အသင်း၏ နာယက ဆရာတော် ဘဒ္ဒန္တတေဇသီရိက ဩဝါဒကထာ မြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အမှာစကားပြောကြားခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် ဇင်မာမြင့်က ကျေးရွာနေပြည်သူများအား ကျောက်ရောမြေလမ်း သစ်ခင်းပေးရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေမှူးနှင့်လမ်းကော် မတီအဖွဲ့ဝင်တစ်ဦးမှကျေးဇူး တင်စကား ပြန်လည် ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဌာနဆိုင်ရာအဖွဲ့များ၊လမ်းကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။ ယခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ ဖြိုး ရေး VDP စီမံကိန်း ခွင့်ပြုရန်ပုံ ငွေကျပ် သိန်း ၁၀၀နှင့် ကျေးရွာနေ ပြည်သူများ၏ထည့်ဝင်ငွေများဖြင့်ပူးပေါင်းဆောင်ရွက်ပြီး လမ်းအ ရှည် ပေ ၃၂၀၀ အကျယ် ၁၂ပေ ထု ခြောက်လက်မရှိ ကျောက်ရောမြေ လမ်းအမျိုးအစားဖြစ်ကြောင်းသိရသည်။

အေမင်းရည်စော(ပြန်/ဆက်)