သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၉)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။