ညောင်တုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း  ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အမာရှိန်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦး‌မြင့်ဟန်နှင့် ဦး‌အောင်ဇော်တို့က “လူငယ် နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်မှ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်သဘာဝ ဘေးအန္တရာယ်၊ လူငယ်နှင့်‌ တာဝန်သိမှုစသည့် စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့‌‌ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)