ပန်းတနော် သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table- Top Exercise လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table- Top Exercise လုပ်ငန်းညှိနှိုင်း အစည်းအဝေး လုပ်ဆောင်ရသည့် အကြောင်းအရာနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက မုန်တိုင်းဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့် အကြောင်းအရာများကို အသေးစိတ် ရှင်လင်းပြောကြားဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပြီး မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table- Top Exercise ဇတ်တိုက်လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)