ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အိုမီခရွန်ရောဂါအကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အိုမီခရွန်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများဆက်လက်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကစတင်၍ ကနက်သီရိကျေးရွာ၊ ဂုံညှင်းဆိပ်ကျေးရွာ၊ အိမ်ရှေ့ပြင်ကျေးရွာ၊ ကမြိုင်ကျေးရွာ၊ ရေချိုချောင်းကျေးရွာ၊ ကဇိတံတားဦးကျေးရွာနှင့် ရန်တောင်ကျေးရွာ၊ မော်ရှည်ကုန်းရပ်ကွက်နှင့် ကျောက်မြောင်းရပ်ကွက်များရှိ တောင်သူများအတွက် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများအနေဖြင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များအလိုက် ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၏(၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်း

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများ ဖြစ်ပေါ်စေရန် ပုံတူရွေးခြယ်ပြိုင်ပွဲ ကျင်းပ

သွက်လက် ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပုံတူရွေးခြယ်ပြိုင်ပွဲကို ယမန်နေ့  ညနေ ၄ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာကွေများကို လစဉ်(၂၁)ရက်နေ့မှစ၍ လကုန်ရက်အထိ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှ မွန်းတည့်၁၃နာရီအထိ ဒုတိယနေ့ အတွက် အငြိမ်းစာပင်စင်စား(၃၈)ဦးက ငွေပေါင်း (၅၇၁၆၃၉၇/၅၀)ကျပ်တိတိကို အေးချမ်းစွာ ဆက်လက်ထုတ်ပေးလျက်ရှိပါကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။     

ကျောက်ဆည်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကူးမြို့အခြေခံပညာအထက်ကျောင်းတို့ ပူးပေါင်းကျင်းပသော ကဗျာရွတ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to