အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြု ပြင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ စာအုပ်စာစောင်များနှင့်ရင်းနှီးမှုရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေ ၃ နာရီက ခင်းကျင်းပြသခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ရုံးသာကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်း နယ်မြေများလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့က ပေါက်မြိုင်ကျေးရွာအုပ်စု၊ လှိုင်းပေါက်ကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မူဆယ်မြို့တွင် အခြေခံပညာအဆင့် ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ကြိုတင်အဆိုပြိုင်ပွဲ လေ့ကျင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(၃) သဇင်ဆောင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁:၃၀) နာရီအချိန်က ကျောင်းသူ/သားများက အခြေခံပညာအဆင့် ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ကြိုတင်အဆိုပြိုင်ပွဲလေ့ကျင့်ခဲ့သည်။

ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသား (၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်း အမျိုးသား (၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရမ်းဗြဲမြို့ ကျောက်တိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုး ဗီဇပြောင်း ဗိုင်းရပ်စ်များအား ထိန်းချုပ်ကာကွယ် နိုင်ရေးအတွက် လစဉ်သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ယနေ့ နံနက်(၁၀)နာရီမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ဩဂုတ် (၂၆)ရက်နေ့ အထိ (၃)ရက်တာ ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။

ကန်ကြီးထောင့်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က သြဂုတ်လအတွင်း ရောက်ရှိလာသော စာအုပ်များမှ ကျန်းမာရေးအသိပညာပေး ဆောင်းပါးများနှင့် နေ့စဉ် ထုတ်သတင်းစာ ဗဟုသုတ အစီအစဉ်များကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to