ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများ ဖြစ်ပေါ်စေရန် ပုံတူရွေးခြယ်ပြိုင်ပွဲ ကျင်းပ

ချမ်းအေးသာစံ   သြဂုတ်  ၂၄

သွက်လက် ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပုံတူရွေးခြယ်ပြိုင်ပွဲကို ယမန်နေ့  ညနေ ၄ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်း နိုင်က ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင် မောင်က ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်၍ ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့နယ်စာကြည့်တိုက်တွင် လာရောက်စာဖတ်ကြသော ကျောင်းသားကျောင်း သူ ၃၀ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန် ရှိသူများ၊  စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်