ရှမ်းရွာသစ် ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အိုမီခရွန်ရောဂါအကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အိုမီခရွန်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမ ဒေါ်နော်ရတနာပြုံးက ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” အကြောင်းသိကောင်းစရာများ၊ အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ အိုမီခရွန်ရောဂါ၏လက္ခဏာများ စသည့် ပြည်သူများလိုက်နာရမည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)