နတ်မောက်မြို့နယ်၌ မိုးစပါးများ ပိုးမွှားရောဂါကာကွယ်ရေး ကပ်ပါးနကျယ်ကောင်များ စုပေါင်းလွှတ်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ခင်းများတွင် စပါးအဆစ်ပိုးကျရောက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဇီ၀သက်ရှိကပ်ပါး နကျယ်ကောင်များ စုပေါင်းလွှတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ် (အထက) မြောင်ကြီးကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က)မြောင်ကြီး ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ညောင်ဦးမြို့၌ SUBSOILER ဖြင့်ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၉) စက်မှုလယ်ယာစခန်း၊ ညောင်ဦးမြို့မှ SUBSOILER ဖြင့်ထွန်ယက်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံတွင် တောင်သူပညာပေး သရုပ်ပြအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြင့်ပျံကျစျေး အဆောက်အဦသစ်ဆောက်လုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စျေးအတွင်း အဆင့်မြင့်ပျံကျစျေး အဆောက်အဦသစ်ကို ဇူလိုင်လပထမအပတ်မှ စတင်ဆောက်လုပ် လျက်ရှိရာ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကလောမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဆောင်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အင်းပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့်အားကစားပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၆)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအမှူးများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ (၆) လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းစိစစ်တွေ့ရှိချက်နှင့် အကြံပြုချက်များ၊

ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်ချနေ တစ်တင်း ၄၅၀၀၀ ကျပ်ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်း‌ကျေးရွာ ပဲတီးစိမ်းစိုက်တောင်သူ ဦးအေးကိုက ပြောကြား၍သိရသည်။
Subscribe to