အသီးအနှံ၊ ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်း

ချမ်းမြသာစည် ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများအနေဖြင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းအပေါ် ရပ်ကွက်နေပြည်သူလူထုမှ ဝယ်ယူလျက်ရှိပြီး အလှူရှင်တစ်ချို့မှ အဆိုပါ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များအား ဝယ်ယူပြီးနောက် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများသို့ ထပ်ဆင့်လှူဒါန်းပေးလျက်ရှိ ကြောင်း သိရှိရသည်။

ခင်စိမ်းဝင်း