တနင်္သာရီ ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာကွေများကို လစဉ်(၂၁)ရက်နေ့မှစ၍ လကုန်ရက်အထိ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှ မွန်းတည့်၁၃နာရီအထိ ဒုတိယနေ့ အတွက် အငြိမ်းစာပင်စင်စား(၃၈)ဦးက ငွေပေါင်း (၅၇၁၆၃၉၇/၅၀)ကျပ်တိတိကို အေးချမ်းစွာ ဆက်လက်ထုတ်ပေးလျက်ရှိပါကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွင်း ထုတ်ယူခွင့်ရှိသော အငြိမ်းစားပင်စင်စားဦးရေ(၄၅၅)ဦးရှိ၍ ပင်စင်လစာ စတင်ထုတ်ပေးသည့် လစဉ်(၂၁) ရက်နေ့တွင် နံနက်၈နာရီမှမွန်းတည့် (၁၂)နာရီ အထိကိုလည်းကောင်း၊ ကျန်ဘဏ်ဖွင့်ရက် များတွင် ပုံမှန်ဘဏ်ဖွင့်ချိန်အတိုင်းသာထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားပင်စင်စား များကလည်း ပင်စင်လစာငွေထုတ်ယူရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သတ်မှတ်နေရာများမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ သက်တောင့်သက်သာစွာ ခေတ္တမျှ စောင့်ဆိုင်း၍ အသက်ကြီးသူများကိုဦးစားပေးကူညီခြင်းဖြင့် အပြန်အလှန် နားလည်မှုရှိရှိဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)