ပြင်ဦးလွင်မြို့တွင် ဘင်ခရာပစ္စည်းများ၊ စာကြည့်တိုက်အတွက် စာအုပ်များ၊ ပရိဘောဂပစ္စည်းများနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘင်ခရာပစ္စည်းများ၊ စာကြည့်တိုက်အတွက် စာအုပ်များ၊ ပရိဘောဂပစ္စည်းများနှင့် အားကစားပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေ ခံပညာအထက်တန်း ကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။