တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပရဟိတဂေဟာများအား ထောက်ပံ့ကြေးပေးအပ်

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ပရဟိတဂေဟာများအား ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဘိုးဘွားရိပ်သာခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။

ရွှေကျင်မြို့တွင် မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား ကျောင်းတူညီဝတ်စုံများ အခမဲ့ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက်အတွင်းရှိ ရွှေကျင်မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား ကျောင်းတူညီဝတ်စုံများ အခမဲ့ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်မှစတင်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့ အမက (၂)မူလွန်အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာပြန့်ပွား၍ ဗဟုသုတရရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်အား ရှောင်လွဲနိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်၊ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် ပလပ်စတစ်အန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပလပ်စတစ်အန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စာအုပ်စာပေများဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတမြှင့်မားလာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍  ကော့သောင်း ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းသို့ မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးအသိပညာပေး ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့နံနက် က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်)ပတုပ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂  ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ၌  ဂုဏ်ထူးဖြင့်အောင်မြင်သူများနှင့်  ၂၀၂၁ -၂၀၂၂  ပညာသင်နှစ်တွင် KG  မှ Grade- 10 ထိ အတန်းအလိုက် ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပကျောင်းသူရိယခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါမျိုးစိုက်ထည့်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကွမ်းခြံကုန်းချောင်းသဘာဝရေပြင်များ အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မူဖြင့် ကွမ်းခြံကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်တွင် ငါးမျိုးများရေရှည် စဉ်ဆက်မပြတ်တည်ရှိစေရေး၊ ငါးမျိုးထုတ်လုပ်မှု တိုးတက်လာစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့် ခြင်းကို ယမန်နေ့နံနက် ၉ နာရီ က ကမာပါကျေးရွာရှိ ကွမ်းခြံကုန်းရေထိန်း တံခါးအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ်

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မိခင်နှင့်ကလေးများ ကျန်းမာသန်စွမ်းပြီး  အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ယနေ့မွန်းလွဲ(၁)နာရီက ဟိုပန်မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ဈေးရပ်ကွက်နှင့် မန်ခွန်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Subscribe to