ပေါက်ခေါင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A နှင့် သန်ချဆေးများ တိုက်ကျွေးပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အရွယ်အတွင်း ကလေးငယ်များကို ဗီတာမင် A နှင့်သန်ချဆေးများ တိုက်ကျွေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းဆရာမများနှင့် ပူးပေါင်းအဖွဲ့များက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးလျက်ရှိသည်။