မဘိမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မဘိမ်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့်  မိမိတို့၏ရုံးလုံခြုံရေးနှင့် ဝန်ထမ်းများလုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်သွားရန်၊ မိမိတို့ဝန်ထမ်းများ လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် သွားလာဆောင်ရွက်သွားကြရန်၊ မြို့လုံခြုံရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မြို့နယ်အတွင်း ကွင်းဆင်းစည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ရာ ကွင်ဆင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပေးနိုင်ရေးဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မြို့နယ်အ တွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း ဆန်၊ စားသုံးဆီဖူလုံရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်တွင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်(ပြန်/ဆက်)