မိုင်းဆတ် ဩဂုတ် ၂၄
ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို လူကုန်ကူးမှုအသိပညာပေး နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၁၁)၊ ကုတင်(၁၀၀)ဆံ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်အား ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်ကပေးအပ်ရာ အမှတ်(၁၁)၊ ကုတင်(၁၀၀)ဆေးရုံမှ ဗိုလ်မှူးသန်းဇော်လင်း ကလက်ခံရယူခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာပေးနံရံကပ်ဘုတ်အား အမှတ်(၁၁)၊ ကုတင်(၁၀၀)ဆေးရုံ ပြင်ပလူနာဆောင်ခန်းမတွင် ချိတ်ဆွဲခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)