တောင်ဥက္ကလာပ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မူလတန်းဆင့်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ ပန်းချီအနုပညာများရင်းနှီးမှုရှိစေရန်၊ အရောင်များရွေးချယ် တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် မှန်ကန်သောအသိအမြင်ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊၊ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၁၃) အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များ လက်ဆောင်ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားသို့ ဆရာ၊ဆရာမများ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)