ပေါင်းတည် သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးနှင့်ဆပ်ပြာမှုန့်တို့တွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြို့မစျေးအတွင်း သွားတိုက်ဆေးနှင့် ဆပ်ပြာမှုန့်တို့ရောင်းချနေသော စျေးဆိုင်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများက စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးနှင့် ဆပ်ပြာမှုန့်များ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစေရေးအတွက် မြို့မစျေးအတွင်းရောင်းချနေသော သွားတိုက်ဆေးနှင့်ဆပ်ပြာမှုန့်တို့၏ ကုန်ညွှန်းအမှတ်အသားများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)