ပဲခူးတိုင်းဒေသကြီး မင်းလှမြို့၌ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မင်းလှ    သြဂုတ် ၂၄

ကရင်တိုင်းရင်းသားတို့၏ ဘာသာစာပေအနုပညာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ ခိုင်မာလာစေရန်၊ ပျောက်ပျက်မသွားစေရန် ဟူသောရည်ရွယ်ချက်ဖြင့် သာယာဝတီခရိုင်အဆင့် ကိုယ်စားပြု ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲအား မင်းလှမြို့၊ အမှတ်()ရပ်ကွက်၊ မြို့မစာသင်တိုက်တွင် ယနေ့နံနက် နာရီချိန် က ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးစောလင်းအောင် က ကရင်အမျိုးသားအလံကိုလည်းကောင်း၊ ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စောသိန်းဝေ က ယောက်မကိုလည်းကောင်း၊ ကရင်အမျိုးသားများက ဖားစည်နှင့် ကျွဲချိုမှုတ်ခြင်းဖြင့် လည်းကောင်း၊ လူငယ်မောင်မယ်များက ချည်ဖြူဖွဲ့အသုံးဆောင် ပစ္စည်းများအားလည်း ကောင်းချည်ဖြူဖွဲ့မင်္ဂလာပွဲကျင်းပမည့် ခန်းမအတွင်းသို့သယ်ဆောင် ပေးခဲ့ကြသည်။

အခမ်းအနားကို တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင် က ဖားစည်း()ချက်တီး ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကား ပြောကြားခဲ့သည်။ ခရိုင်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စောသိန်းဝေ က ချည်ဖြူဖွဲ့မင်္ဂလာပွဲကျင်းပရခြင်းနှင့် ပတ်သတ်သည့်အကြောင်းအရာများ ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စောရွှေသိန်း တို့က ကျေးဇူးတင်စကားများ ပြောကြားသည်။

ထို့နောက် ချည်ဖြူဖွဲ့မည့်ဘိုးဘွားများက ကရင်တိုင်းရင်းသားများကို ချည်ဖြူဖွဲ့ပေးခဲ့၍၊ အခမ်းအနား တတ်ရောက်သည့် ဧည့်ပရိတ်သတ်များကိုလည်း ချည်ဖြူဖွဲ့ပေးခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းဆောင်ရွက်ခဲ့ပြီး ကရင်အမျိုးသားသီချင်းသီဆိုကာ အခမ်းနားရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲသည် ခရိုင်အတွင်းရှိ ကရင်တိုင်းရင်သားများ အားလုံးလာရာက်ပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ ညာလက်တွင် ချည်သုံးပတ်ချည်နှင်ပြီး ဆုတောင်းမင်္ဂလာ ပြုသည့်ပွဲတစ်ခုဖြစ်ကြောင်း၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေး စည်းမူခိုင်မြဲစေရန်၊ လူငယ်များ သွန်သင်ဆုံးမစကားကိုနာခံနိုင်ရေးနှင့် အနာဂတ်ခေါင်း ဆောင်များဖြစ်လာရန်၊ ယဉ်ကျေးမူ ()မျိုးဖြစ်သော စကား၊ စာပေ၊  အနုပညာ၊ ဝတ်စားဆင်ယဉ်မှုနှင့် ရိုးရာဓလေ့များ မပျောက်ကွယ်စေရန်၊ ယဉ်ကျေးမူနှင့် လူနေမူအဆင့်မြင့်မားသောလူမျိုး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမူဓလေ့ ထုံးတမ်းများကို  မြတ်နိုးတန်းဖိုးထား ထိန်းသိမ်းတတ်သော အသိပညာအတတ်ပညာမြင့်မားသော လူမျိုးများအဖြစ် တည်တံ့စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဝါခေါင်လချည်ဖြူပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)