မအူပင် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “လူသားတို့ ကျန်းမာပျော်ရွှင်ဖို့ အမှိုက်များကို စနစ်တကျစွန့်ပစ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (တံတားကြီး) တွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းဦးက အမှိုက်များအား အမျိုးအစားခွဲ၍ စနစ်တကျစွန့်ပစ်ရန်၊ ကြွပ်ကြွပ်အိတ် များအား မလိုအပ်ဘဲ မယူရန်၊ ခရီးသွားသည့်အခါ အမှိုက်များထည့်ရန် အိတ်ယူသွားရန်၊ မြေကြီးထဲတွင် ကျေပျက်လွယ်သည့် ပစ္စည်းများအား ဝယ်ယူအသုံးပြုရန်၊ လမ်းပေါ်တွင် အမှိုက်တွေ့ပါက ကောက်ယူပြီး အမှိုက်ပုံးထဲသို့ထည့်ရန်နှင့် ရေထဲသို့ အမှိုက်များ မစွန့်ပစ် ကြရန် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)