ကလော ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဆောင်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အင်းပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့်အားကစားပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းက အားကစားနှင့်လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောခဲ့ ပြီး အားကစားဆိုင်ရာ ဗဟုသုတရရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အမေးအဖြေများမေး၍ ပြန်လည်ဖြေကြားသူများကို အမှတ်ရတအင်္ကျီလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးက အင်းပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားနှင့် စုပေါင်းလေ့ကျင့်ခန်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)