ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်း ကျင်းပ

ပဲခူး ဩဂုတ် ၂၄

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့်ကိုယ့်ကိုယ်ကိုယုံကြည်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နု က ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသောကိုယ့်ကိုယ်ကိုယုံကြည်မှုစာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်ဇာဇာမြင့် ကကိုယ့်ကိုယ်ကိုယုံကြည်မှုခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဦးဟိန်းသူနိုင်ကပြင်းပြသောဆန္ဒခေါင်းစဉ်ပါအကြောင်းအရာများကို လည်းကောင်း၊ ဒေါ်ဖြူဖြူသက် က  “အသက်ရှည် ကျန်းမာအောင်နေနည်းအကြောင်းခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်တင်တင်စိုးကကောင်းသောအကျင့်ဖြင့် မိမိကိုယ်ကိုမြှင့်တင်နည်းခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လစဉ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)