မိုးနဲမြို့၌ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မိုးနဲ ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် နှင်းဆီလမ်းထောင့် လူမနေသောအိမ်၌ ယနေ့နံနက် ၄ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နောင်ကျော့ရပ်ကွက်၊ နှင်းဆီလမ်း၊ အုပ်စု(၅)၊ အိမ်အမှတ်(နက/၁၀၀)၊ လူမနေသော (၄)ပင်အိမ်(၂)ထပ် နေအိမ်မီးဖိုဆောင် အတွင်းရှိ ရေခဲသေတ္တာမှ အပူရှိန်လွန်ကဲကာ ဝါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီးနှင့်  ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ရေခဲသေတ္တာအဟောင်း(၁)လုံး၊ မီးဖိုဆောင်မှ နေအိမ်၏အိမ်မကြီးပေါ်သို့တက်သော (၁၀)ပေအရှည်လှေကားနှင့် အိမ်မကြီးအပေါ်ထပ် ကြမ်းခင်း အလျား ၁၈ ပေ ၊ အနံ ၁၀ ပေ ခန့် မီးလောင်းကျွမ်းခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မိုးနဲမြို့ မြို့မရဲစခန်းမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)