မင်းလှမြို့၌ ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မင်းလှ  ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားကွင်းရှိ ဘက်စုံသုံးအာကစားခန်းမ၌ ၂၀၂၂-ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကျင်းပသော ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပွဲတွင် စိန်ကန့်လန့်ပရဟိတနှင့် စစ်ကွင်း Volunteer ပရဟိတအဖွဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ စိန်ကန့်လန့်ပရဟိတအသင်းက ()ဂိုး၊ စစ်ကွင်း Volunteer ပရဟိတအဖွဲ့က ()ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆုချီးမြှင့်ပွဲတွင် ပထမရရှိသော စိန်ကန့်လန့်ပရဟိတအသင်းအား ၂၀၂၂ -၂၀၂၃ ခုနှစ် ပရဟိတအ သင်းများ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲဆုဖလားနှင့် ဆုငွေ () သိန်းကျပ်၊ ဒုတိယရရှိသော စစ်ကွင်း Volunteer ပရဟိတအဖွဲ့အား () သိန်းကျပ်၊ ပူးတွဲတတိယရရှိသော သစ္စာရွှေစင်ပရဟိတအသင်းနှင့် သရက်တပင်(စေတနာရှင်) အသင်းအား ()သိန်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ဖူဆယ်ပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ပရဟိတအသင်းများဖြစ်သည့်

သရက်တပင်၊ စိန်ကန့်လန့်၊ စစ်ကွင်း၊ အောက်ဆီဂျင်၊ လူမှုကယ်ဆယ်ရေး၊  သစ္စာရွှေစင်၊ အခမဲ့လူနာတင်ယာဉ်၊ ဖြူစင်မေတ္တာ၊ အင်ကြင်းမြေ၊ သုခကာယီအသင်းဖွဲ့များ စုစုပေါင်း(၁၁) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)