အမ်းမြို့နယ်၌ သဘာဝဘေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစား ခန်းမတွင် ဩဂုတ်လ ၂၇ ရက် နံနက်(၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ် ၂/ကရပ်ကွက်၌ အသက်( ၅) နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သံချဆေးများတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ၂/ကရပ်ကွက် နှစ်ကျိတ်ရှစ်ဆူဓမ္မရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ရက်သတ္တပါတ်အာဟာရတိုက်ကျွေးမှု အစီအစဉ်ဖြင့်အသက်(၅) နှစ်အောက်ကလေးများအား ဗီတာမင် အေဆေးနှင့် သံချဆေးများကို ယနေ့နံနက်( ၉) နာရီအချိန်က တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

မည်သူမဆို မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သလို အခြားသူကိုလည်းကူးစက်နိုင်သဖြင့် အများပြည်သူများအနေဖြင့် ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရေးနှင့် မျောက်‌ကျောက်ရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး  ကွင်းဆင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများတွင်  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း (၅)ကြောင်းကို ဖွဲ့စည်းကာ ကွင်းဆင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နေ့လယ်ပိုင်းက ရှမ်းစုကျေးရွာရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် အမှတ် ၉ အခြေခံ ပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်အမှတ် ၉ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှစည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်စည်ပင်သာယာရေး ကော်မတီအဖွဲ့ ဝင်များနှင့်အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်မြတ်၊ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်မြင့်၊ စည်ပင်သာယာ စျေးကော်မတီဝင်များနှင့် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show သန်လျင်၌ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် သဘာဝဘေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ကဗျာရွတ်၊စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်း သား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးနှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာ၀တီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သစ်တောဦးစီးဌာနမှ (၂၀၂၂)ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်- ၂ အကြီးစားစက်မှုလုပ်ငန်း အမှတ်(၃၆) အကြီးစားစက်ရုံ မှန်ထုတ်လုပ်ရေးဌာန၊ ပုသိမ်မြို့မှန်စက်ရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီး၌ ပြုလုပ်ကြသည်။
Subscribe to