ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလားခရိုင်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

လင်းခေးခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာဖတ်စွမ်းရည်နှင့် မှတ်ဉာဏ်စွမ်းရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ အသိပညာ‌ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဥယျာဉ်ရပ်ကွက် အခြေခံပညာမူလတန်း‌ကျောင်းသို့ ကွင်းဆင်းသွားရောက်၍ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်များခင်းကျင်း ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့ ထပ်လုံစေတီတော် နယ်နိမိတ်နှင့်စပ်လျဉ်း၍ ဟိုခုံဆရာတော်ကြီး၏ ဩဝါဒခံယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီ တော် နယ်နိမိတ်နှင့် စပ်လျဉ်း၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောထံမှ ဩဝါဒမိန့်ကြားမှုကို ခံယူခဲ့သည်။

သာယာ၀တီမြို့၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ရွေးချယ်ခံရသူများအား အစမ်းလေ့ကျင့်မှု ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်တွင်  မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် တိုးတက်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ရွေးချယ်ခံရသူများအား အစမ်းလေ့ကျင့်မှု ကျင်းပပြုလုပ်မှုကို ယနေ့နံနက် ၁၀ နာရီက သာယာ၀တီမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖလေးချောင်း၌ငါးမျိုးစိုက်ထည့်ခြင်း(ဒုတိယ)အကြိမ်ဆောင်ရွက်

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ‌ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံ‌ စေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် တာလမ်းသစ်ရပ်ကွက် ဖလေးချောင်းအတွင်း၌ ဒုတိယအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ညောင်တိုကျေးရွာ ၌ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှ ညောင် ဦးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာအတွင်း ခြင် ဆေးဖျန်း ခြင်းများဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

မိုင်းပျဉ်းမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏၂၀၂၂ −၂၀၂၃ ပညာသင်နှစ် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁ /၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁ /၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပဲခူးခရိုင် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to