မင်္ဂလာဒုံ သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ၂/ကရပ်ကွက် နှစ်ကျိတ်ရှစ်ဆူဓမ္မရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ရက်သတ္တပါတ်အာဟာရတိုက်ကျွေးမှု အစီအစဉ်ဖြင့်အသက်(၅) နှစ်အောက်ကလေးများအား ဗီတာမင် အေဆေးနှင့် သံချဆေးများကို ယနေ့နံနက်( ၉) နာရီအချိန်က တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ထိုသို့တိုက်ကျွေးရာတွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို မြို့နယ်ကျန်းမာရေးဆရာမများဖြစ်သည့် ဒေါ်ခင်မြတ်နိုးဦးနှင့် ဒေါ်အိရတနာတို့ကကလေးငယ်များ ဖွံ့ဖြိုးကြီးထွားမှုသိရှိစေရန် ကိုယ်အလေးချိန်တိုင်းတာပြီး ကြည့်ရှုစစ်ဆေးကာ ကလေးငယ်များကို ဗီတာမင်အေဆေးနှင့် သံချဆေးများ တိုက်ကျွေးပေးကြသည်။
အဆိုပါ အာဟာရဆေးများတိုက်ကျွေးခြင်းကို ၂/ကရပ်ကွက်အတွင်းရှိ ကလေးငယ် (၄၂)ဦးတို့ကို တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ )