မော်လမြိုင် ဩဂုတ် ၂၇
မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်အမှတ် ၉ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ် ခင်စန်းမြင့်က ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုပွားရရှိကြစေရေး စာဖတ် ရှိန်မြင့်မားလာစေရေး အသိပညာပေး ဟောပြောပေးခဲ့ပြီး အမှတ် ၉ လူကုန်ကူးမှုတား ဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု ရဲမှူး မိုးဦးနှင့် ရဲအုပ် ချစ်ချစ်စိုးတို့က လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိ ကပစ်မှတ်ထားသည့် နေရာများ၊ လူကုန်ကူးခြင်းခံရနိုင်သူများ၏ အခြေအနေ၊လူကုန် ကူးခြင်း ခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ လူကုန်ကူးမှု ကျူးလွန်သူများ၏ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လူကုန်ကူးခြင်း ခံရမှုများလျော့နည်း ပပျောက်သွားအောင် ဆောင်ရွက်သင့်သည့် အချက်များ စသည့်အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ထိုနောက် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
ခင်စန်းမြင့်ခရိုင် (ပြန်/ဆက်)